လတ်တလောကာလအတွင်း နမ့်ပန်းခရိုင်၊ ဖါးလုံဒိုင်နယ်၊ ဘားဆာလောင်းကျေးရွာ၌ ကျေးရွာတည်ထောင်ခြင်း (၅၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ကျေးရွာကော်မတီရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဌ ဦးစန်ပေ့၊ အမြဲတမ်း ကော်မတီဝင် ဦးခမ်းမောင်၊ အတွင်းရေးမှူးအဖွဲ့ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအားဖာ၊ ဦးလော်အေး စသည့် အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရပါသည်။
အခမ်းအနားအား နမ့်ပန်းခရိုင် ဒု-ခရိုင်မှူး ဦးလီဖူကျန့်၊ ဖါးလုံဒိုင်နယ် ဒိုင်နယ်မှူး ဦးလုံစန်း၊ ဘားဆာလောင်းကျေးရွာ ရွာသူကြီး ဦးလုံကျန့်ယိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပြီးနောက် ဒေသအစိုးရ၏ ကူညီထောက်ပံ့မှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘားဆာလောင်းကျေးရွာအား ယခု ထက် ပိုမိုတိုးတက်လာအောင် ကျေးရွာသူ/သားများအား ဦးဆောင်သွားမည်ဟု ရွာသူကြီး ဦးလုံကျန့်ယိုက ပြောဆိုခဲ့ကြောင်း၊ ဆက်လက်ပြီး ဒု-ခရိုင်မှူး ဦးလီဖူကျန့်က ဒေသအစိုးရ၏ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း စသည့်ကဏ္ဍများ၌ ထိရောက်စွာ ကူညီထောက်ပံ့ပေးနေမှုများနှင့် ပတ် သက်သည်များကို ပြောကြားခဲ့ပြီး ကျေးရွာသူ/သားများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပိုမိုလှပသည့် အနာဂတ်များကို အတူတကွ ဖန်တီးသွားကြရမည်ဟု မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် အစိုးရနှင့်ပြည်သူတို့ တစိတ်တဝမ်းတည်းရှိနေကြခြင်းအား ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရသည်ကို ပြောကြားလိုကြောင်း၊ ယခုတကြိမ် အခမ်းအနားကို အစပြု၍ ရုံးခန်းသစ်ကို ကောင်းစွာအသုံးချကာ ပြည်သူများကို စည်းရုံးခြင်း၊ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် ကျေးရွာစီမံခန့်ခွဲရေးလုပ်ငန်းများ၌ အားဖြည့်ဆောင်ရွက်၍ သာယာလှပသည့် စံပြကျေးရွာအဖြစ် ဖန်တီးတည်ဆောက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်သွားရမည်ဟု ဒု-ဥက္ကဌ ဦးစန်ပေ့က မှာကြားပြောဆိုခဲ့ပါသည်။
ယခုတကြိမ် ကျေးရွာတည်ထောင်ခြင်း (၅၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ကျေးရွာ ကော်မတီရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားသည် ကျေးရွာပြည်သူများအကြား စည်းလုံးညီညွတ်မှုအား ပိုမို နက်ရှိုင်းစေခဲ့သည့်အပြင် အနာဂတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ်ကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သတင်း တင်ဆက်လိုက်ရပါသည်။
ဖါးလုံဒိုင်နယ်၊ ဘားဆာလောင်းကျေးရွာ၌ ကျေးရွာတည်ထောင်ခြင်း (၅၃) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်






