ဇန်နဝါရီလ ၆ ရက်နေ့ညတွင် အထူးဒေသ (၄) နမ့်ပန်းခရိုင်၊ မိုင်းဆောဒိုင်နယ် နာဆားဖေ၌ (၂) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ''ခါးထောင်းဖ'' ပွဲတော် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယခု တကြိမ် ''ခါးထောင်းဖ'' ပွဲတော်အား '' အမွေအနှစ်များကို လက်ဆင့်ကမ်းခြင်း၊ စည်းလုံးခြင်း၊ ဖွံ့ဖြိုးတိုး တက်ခြင်း'' ဆိုသည့် ခေါင်းစဉ်ဖြင့် ဒေသအတွင်းရှိ ပဒေသာစုံ တိုင်းရင်းသားများ သဟဇာဖြစ်စွာ နေထိုင် နေခြင်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေခြင်းကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း သိရပါသည်။
ပိတ်ပွဲအခမ်းအနားသို့ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဌ ဦးစန်ပေ့၊ အမြဲတမ်းကော် မတီဝင် ဦးခမ်းမောင်၊ အတွင်းရေးမှူးအဖွဲ့ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအိုက်ရှဲန်လား၊ ဦးလီအား ချိုင်၊ ဦးလော်အေး၊ နမ့်ပန်းခရိုင်အစိုးရ အကြီးအကဲများနှင့် နမ့်ပန်းခရိုင်အခြေစိုက်တပ်မဟာမှ အကြီး အကဲများ တက်ရောက်ခဲ့ကြပြီး ရိုးရာအားကစားပြိုင်ပွဲအတွင်း ဆုရရှိသူများကို ဆုချီးမြှင့်ပေးခဲ့ကြ ကြောင်း၊ ပြီးနောက် တိုင်ရင်းသားမျိုးစုံတို့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ပေးခဲ့ပါသည်။
ယခုတကြိမ် ''ခါးထောင်းဖ'' ပွဲတော်သည် ဖွင့်ပွဲအခမ်းအနား၊ ရိုးရာပူဇော်ခြင်းအခမ်းအနား၊ ရိုးရာ အားကစားပြိုင်ပွဲ၊ လက်မှုပညာပြပွဲ၊ စိုက်ပျိုးရေးထွက်ကုန်များပြပွဲ စသည့်လှုပ်ရှားမှုများမှတဆင့် လာ ရောက်ပါဝင်ဆင်နွှဲကြသည့် ဧည့်သည်တော်များအားလုံးကို တိုင်းရင်းသားများ၏ ရိုးရာအငွေ့အသက်များ နှင့် ဒေသ၏ ကြွယ်ဝသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ခံစားသိရှိစေခဲ့ပါသည်။
မိမိတို့ အထူးဒေသသည် ပဒေသာစုံ တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များကို ဒေသတခုလုံး၏ ပွဲ တော်အဖြစ် အစဉ်တစိုက် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ''ခါးထောင်းဖ'' ပွဲတော် အောင်မြင်စွာ ကျင်း ပပြီးစီးသွားခြင်းသည် ဒေသအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူညီမျှရေး မူဝါဒကို လက်တွေ့အကောင်အထည်ဖော်ကာ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုင်ရာ အတွေးအမြင် ခံယူချက်တို့ကို ပိုမို နက်ရှိုင်း စေပြီး ဒေသအတွင်း စည်းလုံးမှုအင်အားနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသားများကို မြှင့်တင်ပေးနိုင်ခဲ့ပါ သည်။
ပွဲတော်ကျင်းပပြီးစီးသွားပြီဖြစ်ပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်ရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းသွားနေကြဆဲဖြစ်ကြောင်း၊ ဒေသအနေဖြင့်လည်း တိုင်း ရင်းသားများ၏ ရိုးရာပွဲတော်ကို အမှီပြု၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့် ရှောက်ကာ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍကို တပြိုင်နက်တည်း အားဖြည့်ဖော်ဆောင်ခြင်းဖြင့် ဒေသရေ ရှည် တည်တံ့ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။
(၂၀) ကြိမ်မြောက် အာခါတိုင်းရင်းသား မိရိုးဖလာ ''ခါးထောင်းဖ'' ပွဲတော် အောင်မြင်စွာပြီးဆုံး
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်















