ဇန်နဝါရီလ ၅-၆ ရက်နေ့တို့တွင် (၂၀) ကြိမ်မြောက် အာခါတိုင်းရင်းသား မိရိုးဖလာ ''ခါးထောင်း ဖ'' ပွဲတော်ကို နမ့်ပန်းခရိုင်၊ မိုင်းဆောဒိုင်နယ် နာဆားဖေ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဌများဖြစ်ကြသည့် ဦးစန်ပေ့၊ ဦးဆန်လူ၊ အမြဲတမ်းကော်မ တီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ညီနောင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလွှာအသီးသီးမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့မှ အာခါတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရပါသည်။
''ခါးထောင်းဖ'' ဆိုသည်မှာ အရာအားလုံး အသစ်ကပြန်စသည်ဟု အနက်အဓိပ္ပါယ်ရပြီး အာခါ တိုင်းရင်းသားများ၏ အကြီးကျယ်ဆုံးသော ရိုးရာပွဲတော်တခုဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားမစတင်မီ အာခါတိုင်းရင်းသားများ၏ ရိုးရာပူဇော်ဆုတောင်းခြင်း အခမ်းအနားကို ဦးစွာ ပြုလုပ်ခဲ့ကြောင်း၊ အဓိပ္ပါယ် မှာ သဘာဝတရားကို ရိုသေလေးစားခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမွမ်းဂုဏ်ပြုခြင်းနှင့် နှစ်သစ်အတွက် တောင်းဆုပြုခြင်းဖြစ်ပါသည်။
မိမိတို့ဒေသသည် တိုင်းရင်းသား တန်းတူညီမျှရေးဆိုင်ရာ သဘောခံယူချက်ကို ဆုပ်ကိုင်ထား၍ ပဒေသစုံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် လွတ်လပ်ယုံကြည်ကိုးကွယ်ပိုင်ခွင့်တို့ကို လေးစား လိုက်နာနိုင်ရန် အာမခံ ချက်ပေးလျက်ရှိကြောင်း၊ ယခုတကြိမ် ''ခါးထောင်းဖ'' ပွဲတော်သည် အာခါတိုင်း ရင်းသားများ၏ တမူထူးခြားသည့် အလေ့အထများ၊ လက်မှုပညာများနှင့် အစားအစာများကို ထုတ်ဖော် ပြသပြီး ပဒေသာစုံ တိုင်းရင်းသားများ အချင်းချင်း အပြန်အလှန်ဖလှယ်သည့် ပလက်ဖောင်းတခုကို တည်ဆောက်ပေးနိုင်ခဲ့ပါသည်။
ပွဲတော်အတွင်း တိုင်းရင်းသားရိုးရာအကများ၊ ယဉ်ကျေးမှု ပြပွဲများ၊ ရိုးရာအားကစားပြိုင်ပွဲများ စုံလင်စွာပါရှိပြီး မီးပုံပတ်ပတ်လည်တွင် ဝိုင်းဖွဲ့ကခုန်ကြသည့် စုပေါင်းအကသည်လည်း ပွဲတော်၏ အရှိန် ကို အမြင့်ဆုံး ရောက်ရှိစေခဲ့ပါသည်။
ယခုတကြိမ် အခမ်းအနားသည် အာခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ရုံသာမက ဒေသအတွင်းရှိ ပဒေသာစုံ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ၊ သဟဇာတဖြစ်စွာ နေထိုင်နေသည့်ပုံရိပ်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း၊ ဒေသအနေဖြင့်လည်း ပဒေ သာစုံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ အတူတကွ ဖွံ့ဖြိုးတိုးတက်လာအောင် အားဖြည့်ဖော် ဆောင်ပြီး ပိုမို ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကို အတူတကွ ဖန်တီးသွားကြမည်ဖြစ် ကြောင်း သတင်း တင်ဆက်လိုက်ရပါသည်။
(၂၀) ကြိမ်မြောက် အာခါတိုင်းရင်းသား မိရိုးဖလာ ''ခါးထောင်းဖ'' ပွဲတော်ကို နမ့်ပန်းခရိုင်၌ စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်













