အထူးဒေသ (၄) မိုင်းလားခရိုင်၊ နမ့်ပန်းခရိုင်နှင့် ဆီလူးခရိုင်များရှိ စာသင်ကျောင်းများတွင် နှစ်သစ်ကိုကြိုဆိုသည့် အခမ်းအနားများ အသီးသီး ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်အားကစားဦးစီးဌာနမှ အကြီးအကဲများနှင့် တပ်နှင့်ဒေသဘက် ကိုယ်စားလှယ်များက ဆရာ/ဆရာမများ၊ ကျောင်းသူ/သား အား လုံး နှင့်အတူ နှစ်သစ်ကို အတူတကွ ကြိုဆိုခဲ့ကြောင်း သိရပါသည်။
အခမ်းအနားကို ဒေသသီချင်းဖြင့် စတင်ခဲ့ကြောင်း၊ ပြီးနောက် ပညာရေးနှင့်အားကစားဦးစီးဌာန ကိုယ်စားလှယ်က ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများအား နှစ်သစ်မင်္ဂလာဆုတောင်းစကားများ ဆိုခဲ့ပြီး ပညာရေးဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ကျောင်းသူ/သားများ၏ ပါဝင်ကြိုးစားမှုကို အသိ အမှတ်ပြုခဲ့ကာ စာသင်ကျောင်းများအားလုံး အရည်အသွေးမြင့်ပညာရေးကို ဆက်လက်နက်ရှိုင်းစွာ အကောင်အထည်ဖော်ပြီး အင်္ဂါရပ်စုံဖွံ့ဖြိုးသည့် (ကျင့်ဝတ်၊ ဉာဏ်ရည်၊ ကိုယ်ကာယ၊ အနုပညာ၊ လုပ်အား) ထူးချွန်ထက်မြက်သော လူရည်ချွန်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောဆိုခဲ့ပါသည်။
အနုပညာဖျော်ဖြေပွဲအစီအစဉ်များမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပြီး ကျောင်းသူ/သားများက အဆိုအက ပုံစံမျိုးစုံဖြင့် မိမိတို့၏ အနုပညာစွမ်းရည်များကို ပြသခဲ့ကြရာ ကျောင်းဝန်းတခုလုံး၌ အား ပေးသံ၊ လက်ခုပ်သံများဖြင့် မြည်ဟိန်းနေပါသည်။
နှစ်သစ်ကိုကြိုဆိုသည့် အခမ်းအနားသည် ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား များအတွက် မိမိတို့၏ စွမ်းရည်များကို ပြသခွင့်ရသည့် စင်မြင့်တခုကို ထောက်ပံ့ပေးနိုင်ခဲ့ရုံသာမက ကျောင်းဝန်း အတွင်း စည်းလုံးညီညွတ်မှုကိုလည်း ပိုမိုအားကောင်းလာစေခဲ့ပြီး ဒေသ၏ ပညာရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်နေများ ထင်ဟပ်နေကြောင်း၊ နှစ်သစ်တွင် ခရိုင်သုံးခုရှိ စာသင်ကျောင်းများသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၏ စာမျက်နှာသစ်များကို ဆက်လက်ကြိုးပမ်းပြီး ရေးသားသွားကြမည်ဖြစ်ကြောင်း သတင်း တင်ဆက်လိုက်ရပါသည်။
ဒေသအတွင်းရှိ စာသင်ကျောင်းအသီးသီး၌ နှစ်သစ်ကိုကြိုဆိုသည့်အခမ်းအနားများ အသီးသီး ကျင်းပပြုလုပ်
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်








