၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်း လားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ (၄) ပညာရေးနှင့် အားကစားဦးစီးဌာန ဒု-ရုံးအဖွဲ့မှူး ဦးနေမျိုး၊ မိုင်းလားခရိုင် ပညာရေးဌာနခွဲ ကိုယ်စားလှယ်များ၊ န.တ.လ တာဝန်ခံ ဦးအိုက်ဆန်း၊ ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် လူကြီးမိဘများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ "ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီ "သီချင်းဖြင့် အစပြုခဲ့ကြောင်း၊ ပြီးနောက် ပညာ ရေးနှင့် အားကစားဦးစီးဌာန ဒု-ရုံးအဖွဲ့မှူး ဦးနေမျိုး၊ န.တ.လ တာဝန်ခံ ဦးအိုက်ဆန်းနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းမေယုခိုင်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ တက်‌ရောက်လာသည့် အကြီးအကဲများက စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများ ကို ဂုဏ်ပြုဆုတံဆိပ်များ၊ စာသင်ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသည့် ကျောင်း သူ/သား မိဘများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသူ/သားများက အဆို၊ အက များဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကာ နောက်ဆုံးတွင် ''မြန်မာ့ကျောင်းသား'' သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။
ပညာသင်ကြားရေးကဏ္ဍသည် အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ် မြစ်ဖြစ်သည့်အတွက် ကျောင်းသူ/သားများအနေဖြင့် ပညာများကို ကောင်းစွာ ဆည်းပူးသင်ယူကာ ဒေသ အကျိုးကို သယ်ပိုးသွားကြရမည်ဖြစ်ကြောင်း သိရပါသည်။