ဒီဇင်ဘာလ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ပညာရေးနှင့်အားကစားဦးစီးဌာနနှင့် မိုင်းလားမြို့ အခြေစိုက် HPA (နယ်စည်း မခြားကျန်းမာရေးအဖွဲ့) တို့ပူးပေါင်း၍ ကျောင်းသူ/သားများ “ကျန်းမာစွာ ကြီးပြင်းလာစေရေးဆိုင်ရာ” သင်တန်းကို ဒေသတွင်းရှိ ဆရာမများအား ပို့ချပေးခဲ့ကြောင်း၊ ခရိုင် (၃) ခုမှ ဆရာမကိုယ်စားလှယ်များသည် ပညာရေးနှင့်အားကစားဦးစီးဌာနတွင် သုံးရက်ကြာ စနစ်တကျ သင်ယူ လေ့လာမှု ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် သင်တန်းပို့ချပေးခြင်း၏ ရည်ရွယ်ချက်မှာ ဆရာမအင်အားစုအတွင်း အမျိုးသမီးငယ်များ ကျန်းမာစွာ ကြီးပြင်းလာစေရေးဆိုင်ရာ အခြေခံဗဟုသုတကို ခိုင်မာစေရန်၊ ကျောင်း ဝန်းအတွင်း ကျန်းမာရေးလမ်းညွှန်မှု ဦးတည်ချက်ကို ရှင်းလင်းစေရန်၊ ဆရာမများ၏ အသိပညာမျှဝေ သည့် စွမ်းရည်ကို မြှင့်တင်ရန်နှင့် ကျောင်းသူ/သားများ၏ မိမိကိုယ်ကိုကာကွယ်ရေး အသိစိတ်ကို မြှင့်တင် ပေးကာ ကျန်းမာ၍ ဘေးကင်းလုံခြုံသော ပညာသင်ကြားရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ် ကြောင်း ပညာရေးနှင့်အားကစားဦးစီးဌာန ဒု-ဌာနမှူး ဦးစိုင်းနွန်းက ပြောဆိုခဲ့ကြောင်း၊ ဤတကြိမ် သင်တန်းပို့ချပေးခြင်းမှတဆင့် ဗဟုသုတ အပြန်အလှန်ဖလှယ်ရေးတံတားကို တည်ဆောက်ကာ အပြု သဘောဆောင်သော၊ သိပ္ပံနည်းကျသော ကျန်းမာရေး အသိပညာ ပေးသည့်စနစ်ကို သင်ကြားပို့ချရေး တွင် ထိရောက်စွာ ပေါင်းစည်းသွားရန် မျှော်လင့်ကြောင်း HPA(နယ်စည်းမခြားကျန်းမာရေးအဖွဲ့) ကိုယ် စားလှယ်က ပြောဆိုခဲ့ပါသည်။
ယခုတကြိမ်သင်တန်းကို HPA(နယ်စည်းမခြားကျန်းမာရေးအဖွဲ့) ၏ အတွေ့အကြုံရင့် သင်တန်း ဆရာ/မများမှ တာဝန်ယူပို့ချပေးခဲ့ပြီး အပြန်အလှန် မေးဖြေခြင်း၊ စစ်တမ်းကောက်ယူ ခြင်းစသည့် ပုံစံ များဖြင့် ဆရာမများ၏ ကျန်းမာရေးဆိုင်ရာ အသိပညာ အခြေအနေနှင့် သင်ကြားရေးလုပ်ငန်းအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို သိရှိစေကာ ပို့ချမည့် အကြောင်းအရာများကို အကောင်းဆုံး မွမ်းမံ ပေးခဲ့ပါသည်။ သင်တန်းအတွင်း လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ကျား-မ တန်းတူညီမျှမှု အသိစိတ်၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ကာကွယ်ရေး နည်းလမ်းများ၊ ကျန်းမာရေး အသိစိတ် ပြုစုပျိုးထောင်ရေးစသည့် အကြောင်းအရာများကို အခြေခံထားပြီး ဖြစ်ရပ်မှန်များကို သုံးသပ်ခြင်း၊ သင်ကြားရေးဆိုင်ရာ သရုပ်ပြခြင်းစသည်တို့နှင့် ပေါင်းစပ်ကာ ဆရာမများအား သင်ကြားရေး နည်းဗျူဟာ နှင့် လက်တွေ့လုပ်ဆောင်နည်းများကို ဆုပ်ကိုင်နိုင်စေရန် လမ်းညွှန်ပေးခဲ့ပါသည်။
ယခုတကြိမ်သင်တန်းပို့ချပေးခြင်းသည် ပညာရေးနှင့်အားကစားဦးစီးဌာန၏ လူငယ်များ ကျန်းမာ စွာ ကြီးပြင်းလာရေးဆိုင်ရာ ပညာပေးရေးလုပ်ငန်းကို အကောင်အထည်ဖော်သည့် အရေးပါသော ဆောင် ရွက်ချက် တရပ်ဖြစ်ကြောင်း၊ ကျွမ်းကျင်သည့် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပညာရေးစနစ်တို့ ပူး ပေါင်း၍ သိပ္ပံနည်းကျသည့် ကျန်းမာရေး အသိပညာများကို ကျောင်းဝန်းအတွင်း စည်းစနစ်ကျစွာ ပျံ့နှံ့ သွားစေရန် လှုံ့ဆော်ပေးခြင်းဖြင့် လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာ ကြီးပြင်းလာ စေရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာကွန်ရက်ကို ခိုင်မာစေခဲ့ကြောင်း၊ သင်တန်းအတွင်း သင် ယူရရှိခဲ့သော အရာများကို လက်တွေ့သင်ကြားမှုများအဖြစ် ပြောင်းလဲအသုံးချကာ ကျောင်းသူ/သားများ အား ကျန်းမာဘေးကင်းသော အယူအဆများ မွေးမြူရန် လမ်းညွှန်ပြသပေးပြီး လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိရောက်စွာ စောင့်ရှောက်သွားမည်ဟု သင်တန်းတက်ရောက်သည့် ဆရာမများက ပြောဆိုခဲ့ကြောင်း သိရပါသည်။
အထူးဒေသ (၄) ရှိ ဆရာမများအား ကျောင်းသူ/သားများ ကျန်းမာစွာ ကြီးပြင်းလာရေးဆိုင်ရာ အသိပညာ သင်တန်းပို့ချ
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်





