၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းလားမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ၊ ပညာရေးနှင့် အားကစားဦးစီးဌာန ဒု-ရုံးအဖွဲ့မှူး ဦးနေမျိုး၊ မိုင်းလားမြို့အခြေ စိုက် နတလရုံး တာဝန်ခံ ဦးအိုက်ဆန်း၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဦးကောသလ္လ ဦးဆောင် သည့် သံဃာတော် (၂၀) ပါး၊ အထူးဒေသ (၄) မှ သံဃာတော်ကိုယ်စားလှယ်များ၊ ဆရာ/မများနှင့် သင် တန်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဓမ္မစကူးလ် ယဉ်ကျေးမှုသင်တန်းကို ဗုဒ္ဓဘာသာဝင် ကျောင်းသူ/သားများအနေဖြင့် ဘာသာတရားကိုင်းရှိုင်းကာ ဗုဒ္ဓဘာသာ၏ အခြေခံအကြောင်းတရားများကို သိတတ်နားလည်ပြီး လိမ္မာ ရေးခြားရှိသော၊ မိဘနှင့် ဆရာ/မကို ရိုသေလေးစားတတ်သော ကလေးငယ်များဖြစ်လာစေရန် ရည် ရွယ်၍ ပို့ချပေးခြင်းဖြစ်သည်ကို သံသရာအေးဆရာတော် ဦးကောသလ္လက အဖွင့်သြဝါဒများ မိန့်ကြား ခဲ့ကြောင်း၊ ပြီးနောက် နတလရုံး တာဝန်ခံ ဦးအိုက်ဆန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမေယုခိုင်တို့က အမှာစကားများ အသီးသီးပြောဆိုခဲ့ကြပါသည်။
ဆက်လက်၍ သင်တန်းချိန်မှန်သူများအား ဂုဏ်ပြုဆု၊ သင်တန်းဆင်းလက်မှတ်နှင့် အပတ်စဉ် ကျွေးမွေးရန်အတွက် လှူဒါန်းပေးသည့် အလှူရှင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်း သူ/သားများက အကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း၊ နောက်ဆုံးတွင် သံဃာတော်များက တရားဓမ္မများ ရွတ်ဖတ်ပေး၍ ရေစက်ချ ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယခုတကြိမ် သင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ပို့ချ ပေးခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အပတ် စဉ်လိုက် ဆက်လက်ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သတင်း တင်ဆက်လိုက်ရပါသည်။
မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကူးလ် ယဉ်ကျေးမှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်









